Wednesday, June 12, 2013

မှုခင်း

2 comments:


  1. Wednesday, June 12, 2013
    လားရှိုး အဓိကရုဏ်း ဖန်တီးသူ မွတ်ဆလင်ကုလား ဦးနေဝင်းကို ထောင်ဒဏ် (၂၆)နှစ် ပြစ်ဒဏ်ချမှတ်
    ၂၈-၅-၂၀၁၃ ရက်နေ့၊ ညနေ ၄း၅၀ နာရီအချိန်တွင် လားရှိုးမြို့ကို မီးဟုန်းဟုန်း တောက်စေသော အဓိကရုဏ်းကြီး ဖြစ်ပေါ်အောင် မအေးဝင်း (လားရှိုးသူ)အား ဓါတ်ဆီပက် မီးရှို့ခဲ့သော မွတ်ဆင်ကုလား ဦးနေဝင်းကို ယနေ့ ၁၁-၆-၂၀၁၃ ရက်နေ့၊ မနက် (၁၀း၀၀)နာရီတွင် လားရှိုးတရားရုံးမှ ထောင်ဒဏ် (၂၆)နှစ် ချမှတ်လိုက်သည်။ ၎င်းတို့မှာ

    ပုဒ်မ (၃၀၇)ဖြင့် (၇)နှစ်။

    ။ (၃၂၆)ဖြင့် (၇)နှစ်

    ။ (၁၅)ဖြင့် (၅)နှစ်။

    ။ ၁၆ (ဂ) ဖြင့် (၇)နှစ်။

    သီးခြားစီ ကျခံစေရန် ချမှတ်လိုက်ခြင်းဖြစ်ကာ လားရှိုးအကျဉ်းထောင်သို့ ပို့လိုက်ပြီ ဖြစ်သည်။

    ၎င်း၏ မီးရှို့မှုကို ခံလိုက်ရသော လူနာ မအေးဝင်းသည် ၁၂-၆-၂၀၁၃ ရက်နေ့၊ မနက် ၆း၀၀ နာရီတွင် လားရှိုးမြို့မှ ထွက်ခွါ လာမည်ဖြစ်ပြီး မန္တလေး ဆေးရုံကြီးသို့ မွန်းတည့် ၁၂း၀၀ နာရီခန့် ရောက်မည်ဟု သိရသည်။

    ဦးနေဝင်းနှင့် မအေးဝင်းကို လင်မယားအဖြစ် ရေးသားကြသူများ၊ မအေးဝင်းကို ဓါတ်ဆီရောင်းသူအဖြစ် ရေးသားကြ သူများရှိရာ သတင်းမှန်သိလိုသူများ လာရောက်သတင်း ရယူနိုင်ကြောင်း သိရသည်။

    စုံစမ်းရန်

    ကိုမျိုး- 09.421168220
    ကိုသက်ဆွေ- 09403704233

    by Wira Thu

    ReplyDelete
  2. Tuesday, June 11, 2013
    လူကုန်ကူးသူများ အဝေးပြေးကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိ
    လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။

    ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

    ယင်းသို့ စောင့်ဆိုင်းနေစဉ် ကယ်လ်ဒီနာ အမျိုးအစား အဖြူရောင်အငှားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်တွင် မှုဆယ်မြို့သို့ လူကုန်ကူးမည်ဟု မသင်္ကာသူများကို တွေ့ရှိခဲ့သည်ဟု လည်းဆိုသည်။

    လူကုန်ကူးသူများအဖြစ် ရဲက သံသယရှိသူများမှာ လှိုင်သာယာတွင် နေထိုင်ကြသည့် အသက် ၃၆ နှစ်အရွယ် ဦးချစ်ခိုင်၊ အသက် ၃ဝ အရွယ် မစုစုလှိုင် (ခ) မပိုးအိ၊ အသက် ၂၇ နှစ်အရွယ် မဆုဆုလှိုင် (ခ) မကြယ်စင်နှင့် မူဆယ်မြို့နယ်တွင်နေသည့် အသက် ၅ဝ အရွယ် ဒေါ်မိုးမိုးတို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

    ၎င်းတို့ လေးဦးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို လူကုန်ကူးရန် စီစဉ်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

    သူတို့သည် အဆိုပါအမျိုးသမီးကို အဝေးပြေး ခရီးသည်တင်ယာဉ်ဖြင့် မူဆယ်မြို့သို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြောင်းလည်း ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

    လူကုန်ကူးသူများအဖြစ် ရဲများက သံသယရှိသူ လေးဦးကို အရေးယူပေးရန် ဒုရဲမှူးဝင်းမြင့်က တရားလိုပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းက အမှုအမှတ် (ပ) ၃၂၁/၁၃ ဖြင့် အမှုဖွင့်ထားကာ လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

    လက်ရှိတွင် လူကုန်ကူးမှု သံသယရှိလျှင် ပြည်သူများ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို အစိုးရက ထုတ်ပြန်ထားပြီး အဆိုပါ ဖုန်းများသို့ ဆက်သွယ် တိုင်တန်းမှုများကြောင့် အမှုအများအပြား ဖမ်းဆီးရမိ ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

    ဇော်ဇော်ထွေး
    by Mizzima - News in Burmese

    ReplyDelete